ကြင်နာပါ
ကိုယ်ချင်းစာတယ်ဆိုတဲ့စကားဟာသုံးလွန်းလို့ရိုးအီနေတဲ့ကလီရှေးဖြစ်နေတော
့အဲဒီစကားလုံးရဲ့အဓိပါယ်ကိုမေ့သွားတတ်ကြတယ်။သူ့ကိုကိုယ့်လိုပဲလို့တွေးပြီး
စာနာတာ။ကိုယ်မကြိုက်ကိုယ်မလုပ်တဲ့အမှုမျိုးကိုကျတော့လည်;အေးလေ
သူ့အကြောင်းနဲ့သူရှိနေမှာပေါ့၊သူ့ဘက်ကကြည့်ရင်လည်းမှန်နေမှာပဲဆိုတာမျိုး
တွေးပေးတာ၊စာနာပေးတာ၊ကိုယ်ချင်းစာနာပေးရင်ကြင်နာမှုဝင်လာပါတယ်၊
ကူညီနိုင်တာကိုကူညီပေးချင်စိတ်ဝင်လာပါတယ်။ဒီလိုစာနာတတ်ဖို့ဆိုတာ
မွေးရာပါစိတ်ထားထက်မိသားစုဝန်းကျင်ရဲ့အလေ့အကျင့်ဓလေ့စရိုက
်ဖြစ်တတ်ပါတယ်။ဒီတော့လေ့ကျင့်ယူလို့ရနိုင်တဲ့အရည်အသွေးပါ။
နှစ်ဆင့်ပဲလိုပါတယ်။လုပ်ချင်ရမယ်။ပြီးရင်လုပ်ကြည့်ရမယ်။
အပြစ်မြင်တတ်တဲ့လူစားဟာသေးသေးမွှားမွှားလေးတွေလိုက်ကြည့်ပြီး
အပြစ်မြင်တတ်တယ်။အပြစ်မြင်တော့မေတာစိတ်မပွားနိုင်ဘူး။ကိုယ့်မှာ
စိတ်ဆင်းရဲတယ်။ပြစ်တင်ခံရသူခမျာမျာလည်းစိတ်ဆင်းရဲရတယ်။
ကိုယ့်အပေါ်မမုန်းတောင်မှာအနည်းဆုံးတော့မကြည်ညို၊မရိုသေနိုင်တာတွေ
ဖြစ်လာမယ်။အသေးအဖွဲတွေမှာမေတာမပွားနိုင်ရင်မေတာပေါင်းကူးတံတား
ဟာယိုင်နဲ့နဲ့ဖြစ်နေမှာပဲ။
တကယ့်ဆွေကြီးမျိုးကြီးကနေဆင်းဆင်ရဲရဲသီလရှင်ဘ၀ကိုရွေးချယ်ပြီး
အိန်ဒိယနိုင်ငံရဲလူမွဲထုကြီးကိုကြင်ကြင်နာနာစောင့်ရှောက်ခဲ့တဲထရီဇာက
"ဒီကမဘာပေါ်မှာကြီးကြီးကျယ်ကျယ်တွေလုပ်ပြနိုင်ဖို့မလွယ်ပါဘူး။
သို့သော်သေးသေးဖွဲဖွဲလေးတွေကိုတော့မေတာကြီးကြီးထားပြီးလုပ်နိုင်ပါတယ်"
လို့ပြောခဲ့ပါတယ်။လျှော့မွေးကိုဗာရာဏသီချဲ့နေရင်ကိုယ့်မှာပဲ
အကျိုးမဲ့မှာသာဖြစ်တယ်။
မေတာစိတ်ကိုပွားနိုင်ရင်အသေးအဖွဲ့တွေကိုမေ့ပစ်တတ်လာမှာပါ။
ကဲအားလုံးပဲမေတာပွားနိုင်ပါစေ။
ကျေးဇူးပြုပြီးလုံးဆင့်ပတ်ဆင့်တွေကိုကြိုးစားပြီးဖတ်ပေးကျပါ။
ယိုးမယ်ဖွဲ့မနေနဲ့ 09/08/2008
2 Comments
ယိုးမယ်ဖွဲ့မနေနဲ့
ဒီလောကကြီးမှာ ပြီပြည့်စိုတဲ့အရာ ရှားတယ်။
အပြစ်ရှာရင်သကြားမင်း ဖန်ဆင်းတဲ့နွားတောင် ချိုတော့နဲနဲကားနေဦးမှာပဲ။
ဖြစ်ချင်တာတွေနဲ့ချည်း လိုက်တိုင်းနေရင်မနိုင်းမယ့်စစ်ကို တိုက်နေရသလိုဖြစ်မယ်။
ငါ့ခဗျာသနားစရာပါကွာဆိုတဲ့ လူပျော်မျိုးကိုချစ်ကြပေမယ့် ငါ့ကံကိုက
ဆိုးပါတယ်ဆိုတဲ့ ဘူတစ်ပိုင်းခိုတစ်ပိုင်းတွေကိုကျတော့ မုန်းတတ်ကြတယ်။
ရှောင်ချင်ကြတယ်။ သူများကသနားလာဖို့မမျှော်လင့်ပါနဲ့။ တနားလည်းမခံချင်
ပါနဲ့။ ကိုယ့်ထမင်းကိုယ်စားပြီး သူများသနားခံနေရတာ ၊ ခံချင်တာရှက်ဖို့
မကောင်းဘူးလား။ လုပ်စရာရှိတာကိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ပါ၊
Anything worth doing is worth doing best. တဲ့ Ralph Waldi Emerson ရဲ့
စကားပါ။ လုပ်ရမယ်ဆိုရင် အကောင်းဆုံးလုပ်လို့ပြောချင်တာပါ။ အကောင်းဆုံး
ဖြစ်မလာနိုင်လို့ အလိုမကျတွေဖြစ်ပြီး ဟိုယိုးမယ်ဖွဲ့ ဒီယိုးမယ်ဖွဲ့ လုပ်နေရင်
စိတ်ပင်ပန်းမယ် အလုပ်ထိုင်းသွာ။မယ်။ အကောင်းဆုံးကြိုးစားပါ။ ဖြစ်မလာ
တော့လည်းဖြစ်လာသမျှကိုအကောင်းရှာကြည့်ပြီး စိတ်ချမ်းသာရာရှာပါ။
ဘာကြောင့်ကိုယ့်စိတ်ကို ညှင်းဆဲနေမှာလဲ။
ကဲအားလုံးပဲဒီစာလေးကိုဖတ်ပြီးစိတ်ချမ်းသာနိုင်ပါစေ။
Showing posts with label ဆောင်းချယ်ရီ. Show all posts
Showing posts with label ဆောင်းချယ်ရီ. Show all posts
Saturday, September 20, 2008
Subscribe to:
Posts (Atom)
