သက်ငြိမ် (၂)
မင်းကို ငါချစ်တယ်ငါနှလုံးသားရဲ့ မွန်းကျပ်ကျပ်
အလိုမကျမှုတွေကြားထဲက အရိုးသားဆုံးထွက်ပေါ်လာခဲ့တဲ့ငါ့ရဲ့သစ္စာတရား
အပိုင်းအစ တချို့ပါငါနှလုံးသားက စကားတွေမင်းကြားပါလေစ.........။
ငါမင်းကို ဖွင့်ပာပြောစမ်းပါရစေငါဘ၀မှာ တောင်းဆုတစ်ခုသာ
ပြည့်စတမ်းရယ်လို့ဆိုလာခဲ့ရင်.......
ငါနှလုံးသားရဲ့ စကားလုံးတစိတ်တဒေသကိုမင်းကြားအောင် ငါပြောပါရစေ.......။
ချစ်သူ....ငါမင်းကို အရမ်းချစ်တယ်.....နှုတ်က ဖွင့်ပာပြောဖို့အတွက်
ငါ.....နှုတ်ခမ်းတွေ တုန်ခါနေတယ်.......။ငါ့ရင်ထဲမှာ တုပ်နှောင်ထားသလိုမွန်းကျပ်နေတယ်....။
ငါ့ ရဲ့ သွေးလည်ပတ်မှုကြားမှာပဲ့တင်ထပ်နေတဲ့မင်းအပေါ်မြတ်နိုးမှုတွေ........
ဒါတွေအားလုံးရဲ့ အလယ်မှာ.....ငါ...........ငါ............ငါ.......။
မင်းအပေါ်ထားတဲ့ငါ့ရဲ့မြတ်နိုးမှုတွေတန်ဖိုးထားမှုတွေဒီအရာတွေအားလုံး
မင်းကြားအောင်ငါပြောပြချင်တယ်...... ချစ်သူ....။
ဒါပေမယ့်လောကမှာ ငါဆိုတာလူရယ်လို့ဖြစ်လာကတည်းကဘာသာစကားဆိုတာ
ငါ့အိပ်မက်နှုတ်ထက် အက္ခရာဆိုတာ ငါ့မျှော်လင့်ချက်........ဒါတွေအားလုံးပိုထက်.....
ငါပိုပြီး မပိုင်ဆိုင်ခဲ့ဘူး............။ငါပာာ ဘာလဲ......?ငါပာာ ဘယ်သူလဲ...........?
ဘာကြောင့် ငါ့ပတ်ဝန်းကျင်တစ်ခုပဲတိတ်ဆိတ်ငြိမ်သက်နေရတာလဲ.......?
ဒီတိတ်ဆိတ် အေးစက်မှုတွေကို ငါကိုယ်တိုင်တောင်ဘာကြောင့် မတွန်းလှန်နိုင်ခဲ့တာလဲ........?
မေးခွန်းပေါင်းများစွာရဲ့ကြားမှာငါတော့ မွန်းကျပ်နေပြီ ..........ချစ်သူ။တကယ်ပါ.....
ငါအတွက် အများကြီး မမျှော်လင့်ခဲ့ပါဘူးမင်းကို ငါအရိုးသားဆုံး
ချစ်နေမိတဲ့နှလုံးသားရဲ့ ပုံပြင်ကိုပြောပြချိန်လေးတစ်ခုပဲငါ...........လေ...
ရူးသွပ်စွာ တောင့်တခဲ့မိပါတယ်........
ဘာသာဗေဒကင်းမဲ့နေသော ချစ်တတ်သူများသို့ သီးသန့်ရည်ညွန်း ရေးဖွဲ့ပါသည်။
မင်းသွန်းအိမ်
Wednesday, August 20, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment