Showing posts with label မင်းသွန်းအိမ်. Show all posts
Showing posts with label မင်းသွန်းအိမ်. Show all posts

Wednesday, August 20, 2008

သက်ငြိမ် (၂)

သက်ငြိမ် (၂)

မင်းကို ငါချစ်တယ်ငါနှလုံးသားရဲ့ မွန်းကျပ်ကျပ်
အလိုမကျမှုတွေကြားထဲက အရိုးသားဆုံးထွက်ပေါ်လာခဲ့တဲ့ငါ့ရဲ့သစ္စာတရား
အပိုင်းအစ တချို့ပါငါနှလုံးသားက စကားတွေမင်းကြားပါလေစ.........။
ငါမင်းကို ဖွင့်ပာပြောစမ်းပါရစေငါဘ၀မှာ တောင်းဆုတစ်ခုသာ
ပြည့်စတမ်းရယ်လို့ဆိုလာခဲ့ရင်.......
ငါနှလုံးသားရဲ့ စကားလုံးတစိတ်တဒေသကိုမင်းကြားအောင် ငါပြောပါရစေ.......။
ချစ်သူ....ငါမင်းကို အရမ်းချစ်တယ်.....နှုတ်က ဖွင့်ပာပြောဖို့အတွက်
ငါ.....နှုတ်ခမ်းတွေ တုန်ခါနေတယ်.......။ငါ့ရင်ထဲမှာ တုပ်နှောင်ထားသလိုမွန်းကျပ်နေတယ်....။
ငါ့ ရဲ့ သွေးလည်ပတ်မှုကြားမှာပဲ့တင်ထပ်နေတဲ့မင်းအပေါ်မြတ်နိုးမှုတွေ........
ဒါတွေအားလုံးရဲ့ အလယ်မှာ.....ငါ...........ငါ............ငါ.......။
မင်းအပေါ်ထားတဲ့ငါ့ရဲ့မြတ်နိုးမှုတွေတန်ဖိုးထားမှုတွေဒီအရာတွေအားလုံး
မင်းကြားအောင်ငါပြောပြချင်တယ်...... ချစ်သူ....။
ဒါပေမယ့်လောကမှာ ငါဆိုတာလူရယ်လို့ဖြစ်လာကတည်းကဘာသာစကားဆိုတာ
ငါ့အိပ်မက်နှုတ်ထက် အက္ခရာဆိုတာ ငါ့မျှော်လင့်ချက်........ဒါတွေအားလုံးပိုထက်.....
ငါပိုပြီး မပိုင်ဆိုင်ခဲ့ဘူး............။ငါပာာ ဘာလဲ......?ငါပာာ ဘယ်သူလဲ...........?
ဘာကြောင့် ငါ့ပတ်ဝန်းကျင်တစ်ခုပဲတိတ်ဆိတ်ငြိမ်သက်နေရတာလဲ.......?
ဒီတိတ်ဆိတ် အေးစက်မှုတွေကို ငါကိုယ်တိုင်တောင်ဘာကြောင့် မတွန်းလှန်နိုင်ခဲ့တာလဲ........?
မေးခွန်းပေါင်းများစွာရဲ့ကြားမှာငါတော့ မွန်းကျပ်နေပြီ ..........ချစ်သူ။တကယ်ပါ.....
ငါအတွက် အများကြီး မမျှော်လင့်ခဲ့ပါဘူးမင်းကို ငါအရိုးသားဆုံး
ချစ်နေမိတဲ့နှလုံးသားရဲ့ ပုံပြင်ကိုပြောပြချိန်လေးတစ်ခုပဲငါ...........လေ...
ရူးသွပ်စွာ တောင့်တခဲ့မိပါတယ်........

ဘာသာဗေဒကင်းမဲ့နေသော ချစ်တတ်သူများသို့ သီးသန့်ရည်ညွန်း ရေးဖွဲ့ပါသည်။
မင်းသွန်းအိမ်